သီလပိုင်းဆိုင်ရာ
ရဟန်းတော်များအနေဖြင့် စတုပါရိသုဒ္ဓိသီလကို ရိုသေလေးစားစွာ လိုက်နာစောင့်ထိန်းရမည်။
ရှင်သာမဏေများအတွက်ကား (၁၀၉)သွယ်သော သီလသိက္ခာပုဒ်များကို ရိုသေလေးစားစွာ လိုက်နာစောင့်ထိန်းရမည်။
လူ(အမျိုးသား/အမျိုးသမီး)ယောဂီများအတွက် ဥပုသ်(၈)ပါးသီလကို ခံယူဆောက်တည်၍ ရိုသေလေးစားစွာ လိုက်နာစောင့်ထိန်းရမည်။
ခြွင်းချက်။ ။ အစာအိမ်စသော ကျန်းမာရေး အခက်အခဲကြောင့် ဆေးသောက်ရန် အစာအာဟာရ လိုအပ်ပါက ဆရာတော်ထံ တင်ပြလျှောက်ထား၍ (၅)ပါးသီလဖြင့်လည်း တရားအားထုတ်နိုင်ပါသည်။
(ထေရဝါဒ သီလရှင်၊ မဟာယာနဘိက္ခုနီ၊ မဟာယာနသာမဏေရီ လက်မခံပါ)
ဆွမ်း/အာဟာရဆိုင်ရာ
ဟဲဟိုးဖားအောက်တောရ၌ ကျန်းမာရေးအတွက် ကောင်းမွန်သင့်တော်သော သက်သတ်လွတ် ဆွမ်းဟင်းများကို ဝိနည်းတော်နှင့်အညီ စီမံချက်ပြုတ်၍ ဆက်ကပ် လှူဒါန်းကြသည်။ ကျန်းမာရေးအတွက် မသင့်လျော်သော အချိုမှုန့်/ဆီ စသည်တို့ကို အသုံးမပြုဘဲ ကျန်းမာရေးအတွက် သင့်တော်သည်များကိုသာ အသုံးပြုထားသည်။ ကျောင်းပြင်ပ၌ အလှူရှင်များ စီမံထားသော ဆွမ်း/ဆွမ်းဟင်း/အချိုပွဲ/မုန့်/သစ်သီး စသည်တို့ကိုလည်း လှူဒါန်းခွင့် ပြုထားသည်။
ဆွမ်းအာဟာရများကို ဆွမ်းစားကျောင်း၌ ချက်ပြုတ်ပြင်ဆင် ထားရှိပြီး တစ်နေ့တာ အချိန်ဇယားအတိုင်း အရုဏ်ဆွမ်းကို (အရုဏ်တက်ချိန်ပေါ် မူတည်၍ မနက် ၆း၄၅ ဝန်းကျင်တွင်လည်းကောင်း၊ နေ့ဆွမ်းကို နေ့လည် ၁၀း၄၅ ဝန်းကျင်တွင်လည်းကောင်း တုံးခေါက် အချက်ပေး၍ ခံယူ သုံးဆောင်ကြရသည်။