How To Come (Myanmar)

ရန်ကုန်/မန္တလေးဘက်မှ လာလျှင်

၁။ ကလော မှတဆင့် အောင်ပန်းသို့ရောက်အောင် အရင်သွားပါ။

၂။ အောင်ပန်းမှ ထွက်လျှင် လမ်းဘေးမိုင်တိုင် (၈၁ မိုင် / ၀ ဖာလုံ) တွေ့ရမည်။ (၈၈ မိုင်/ ၅ ဖာလုံ)အထိ ၇ မိုင် ၅ ဖာလုံ (မိနစ် ၂၀/၃၀ ခန့် ) ဆက်မောင်းပါ။

၃။ သီခေါင်‌တောင်အဆင်း ( ၈၈ မိုင် ၅ ဖာလုံ)တွင် ကျောင်းဆိုင်းဘုတ်ကို တွေ့ရမည်၊ ညာဘက်ကို ကွေ့ပါ။ လမ်း‌ကလေးအတိုင်း ဘယ်မှမကွေ့ဘဲ ( ၅ မိနစ်ခန့်) ဆက်မောင်းပါ။

၄။ ၅ မိနစ်ခန့်မောင်းပြီးသော် ဘယ်ဘက်တွင် (ဆုတောင်းပြည့် ကံသာအေးဘုရား)ကို တွေ့လျှင် ညာဘက်တွင် ကျောင်းအဝင်ဆိုင်းဘုတ်ကို တွေ့ရမည်၊ ညာဘက်ကို ကွေ့၍ ကျောင်းထဲသို့ ဝင်ပါ။


ဟဲဟိုးလေဆိပ်မှ လာလျှင်

ဟဲဟိုးလေဆိပ်တွင် taxi များစွာရှိ၍ ဟဲဟိုးဖားအောက်တောရ ဟုပြောပြီး တက္ကစီဖြင့် လာနိုင်ပါသည်။

တောင်ကြီးဘက်မှလာလျှင်

၁. သီခေါင်တောင်အတက် (မြမဥ္ဇူအောင် ဘုန်းကြီးကျောင်းရှေ့)တွင် ကျောင်းဆိုင်းဘုတ်ကို တွေ့ရမည်၊ ဘယ်ဘက်ကို ကွေ့ပါ။

၂. ထို့နောက် ၅ မိနစ်ခန့်(ဘယ်မှမကွေ့ဘဲ အပေါ်အတိုင်း ဆက်မောင်းပါက တောင်းပြည့်ကံသာအေးဘုရားရှေ့တွင် ကျောင်းအဝင်ဆိုင်းဘုတ်ကို တွေ့ရမည်၊ ညာဘက် ချိုးကွေ့ပါက ရိပ်သာသို့ ရောက်ရှိပြီဖြစ်ပါသည်။ 

လိုင်းကားဖြင့် အောင်ပန်း/တောင်ကြီးဘက်မှ လာမည်ဆိုလျှင် –

အင်းခေါင်း ” ငြိမ်း “မိတ္တူဆိုင်တွင် ဆင်းပါ၊ ဆိုင်ကယ် (သို့) ကား taxi ဖြင့် ဟဲဟိုးဖားအောက်တောရ ဟု ပြော၍ ပို့ခိုင်းနိုင်ပါသည်။