
တရားစခန်းဝင်ချင်ရင် ဘယ်လိုစုံစမ်းရမလဲ?
Ans: တရားစခန်းဝင်ခွင့်လမ်းညွှန်ကို လေ့လာဖတ်ရှုပါ။ ( Click Here )
တရားစခန်း ဘယ်တော့ဖွင့်မလဲ? ဘယ်နှစ်ရက်ဖွင့်တာလဲ?
Ans: ( နိုင်ငံရေးအခြေအနေ/ ကူးစက်ရောဂါစသော အရေးကြီးကိစ္စမှအပ ) တစ်နှစ်ပတ်လုံး ရက်အကန့်အသတ်မရှိ ဖွင့်လှစ်ပါသည်။ မိမိအဆင်ပြေသလို ရက်တို/ရက်ရှည် အားထုတ်နိုင်ပါသည်။ သို့သော် ကျောင်း/အခန်း၊ တရားထိုင်နေရာ အကန့်အသတ်ရှိသောကြောင့် အရင်ဆုံး လျှောက်လွှာတင်၍ ခွင့်ပြုချက်စောင့်ရပါမည်။ ခွင့်ပြချက်ရရှိပြီးမှသာ လက်ခံပါမည်။ အကြောင်းမကြားဘဲ ရောက်လာသူများ၊ ခွင့်ပြုချက်မရရှိသေးသောသူများအတွက် ကျောင်း/အခန်းနေရာ တာဝန်ယူစီစဉ်ပေးနိူင်မည်မဟုတ်ပါ။
ဆွမ်းစရိတ် ဘယ်လောက်ပေးလှူရမလဲ?
Ans: အစားအသောက်နှင့် အခန်းနေရာအတွက် အလှူရှင်များ၏ပံ့ပိုးလှူဒါန်းကြောင့် အခမဲ့ဖြစ်ပါသည်။ မည်သည့် အခကြေးငွေတစ်စုံတစ်ရာ ပေးရန်မလိုပါ။
တစ်နေ့ကို ဘယ်နှစ်ကြိမ် တရားထိုင်ရတာလဲ? တရားရော နာရပါသလား?
Ans: တစ်နေ့ကို (၅)ချိန်၊ တစ်ချိန်ကို တစ်နာရီခွဲ၊ စုစုပေါင်း (၇)နာရီခွဲ ထိုင်ရပါမည်။ ညဘက် (၇:၄၅)မှ (၈:၄၅)အထိမှာ တရားနာချိန် တစ်နာရီခန့်ဖြစ်၍ တစ်နေ့တာ တရားထိုင်/တရားနာချိန်စုစုပေါင်း (၈)နာရီခွဲခန့် ရှိပါသည်။
တစ်နေ့တာအချိန်ဇယား သိရှိ/ရယူလိုပါက ဤနေရာကို နှိပ်ပါ။ (Click Here)
ဘာတွေ ယူဆောင်လာသင့်သလဲ?
Ans: စောင်၊ ခေါင်းအုံးနှင့် အခြေခံလိုအပ်သောပစ္စည်းများကို ကျောင်းတိုက်မှ စီစဥ်ထားရှိပါသည်။ အကယ်၍ မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို အသုံးပြုလိုပါက ယူဆောင်ခဲ့နိုင်ပါသည်။ မပါရှိရင်လည်း ကျောင်းတိုက်မှ စွမ်းနိုင်သလောက် စီစဥ်ပေးပါမည်။ သို့သော် ကျောင်းတိုက်မှစီစဥ်ပေးသော စောင်အစရှိသည်တို့ကို အသုံးပြုပြီးပါက ပြန်လည်ထွက်ခွာသောအခါ လျှော်ဖွပ်သန့်ရှင်းခဲ့ရပါမည်။ ဖုန်းအသုံးပြုခွင့်မပေးထားသောကြောင့် မနက်အိပ်ရာထရန် နိုးစက်(Alarm)နှင့် ညဘက်အတွက် ဓါတ်မီး လိုအပ်ပါလိမ့်မည်။
ရဟန်းတွေပဲ လက်ခံတာလား? လူယောဂီတွေရော လက်ခံပါသလား?
Ans: အဆောင်/အခန်းနေရာ၊ တရားထိုင်နေရာ အဆင်ပြေပါက ရှင်ရဟန်းများသာမက လူယောဂီများကိုလည်း လက်ခံပေးပါတယ်။ သို့သော် အဆောင်/အခန်းနေရာ၊ တရားထိုင်နေရာ ရှိ/မရှိ၊ အဆင်ပြေ/မပြေကို ဆက်သွယ်စုံစမ်း၍ လျှောက်လွှာအရင်တင်ကာ လျှောက်ထားရပါမည်။ အဆင်ပြေကြောင်း ခွင့်ပြုချက်ရရှိမှသာ လာရပါမည်။ အဆောင်/အခန်းနေရာ၊ တရားထိုင်နေရာ အဆင်မပြေသေးပါက စောင့်ဆိုင်းရပါမည်။
မိမိနှင့် သူတစ်ပါးတို့အား အနှောင့်အယှက်မဖြစ်စေဘဲ ကျန်းမာရေးကောင်းမွန်ရပါမည်။
တရားကိုသာ သီးသန့်ကြိုးစားအားထုတ်သောနေရာဖြစ်သောကြောင့် တရားကို လိုလိုလားလား ကြိုးကြိုးစားစား အားထုတ်ရပါမည်။
သီလရှင် ဝတ်လို့ရပါသလား? သီလရှင် လက်ခံပါသလား?
Ans: သီလရှင် ဝတ်လို့မရပါ။ သီလရှင်နှင့် မဟာယာနဘိက္ခုနီ လက်မခံပါ။ (ညအိပ်ညနေ တည်းခိုရန်သော်မှ အခန်း/နေရာ မရှိပါ/လက်မခံပါ။) အမျိုးသမီးယောဂီသာ အခန်း/နေရာပေါ် မူတည်ပြီး သင့်တင့်လျောက်ပတ်ပါက လက်ခံပေးပါသည်။ လျှောက်လွှာအရင်တင်ကာ လျှောက်ထားရပါမည်။
ဒုလ္လဘဝတ်လို့ ရပါသလား? လက်ခံပါသလား?
Ans: (၇ ရက်စသော ရက်ပိုင်းဝတ်သည့်)ဒုလ္လဘ လက်မခံပါ။
သို့သော် သဒ္ဓါတရားနှင့်လည်း ပြည့်စုံ၍ ဝိနည်းကို ရိုသေလေးစားလိုက်နာကျင့်သုံးကာ ရဟန်းဘဝကို မြတ်မြတ်နိုးနိုး လိုလားတောင့်တပါက ယောဂီအဖြစ်ဖြင့် ရှေးဦးစွာ နေထိုင်တရားအားထုတ်စေပြီး သင်ယူသင့်သော ဝိနည်းစည်းကမ်းတို့ကို (လပိုင်းခန့်ဖြစ်စေ) သင်ယူစေပြီးမှ သင့်တင့်လျောက်ပတ်သောအချိန်မှသာ ရဟန်းဝတ်ပေးပါသည်။