About Website

Website ဖြစ်ပေါ်လာပုံ

ဆရာတော်ဦးရေဝတသည် ဖားအောက်တောရ ထိုင်းရိပ်သာခွဲ Angthong ၌ (2015)-(2016)-(2017) သုံးနှစ်တာကာလ တာဝန်ယူ၍ တရားသင်ကြားပြသပြီးနောက် ဇန်နဝါရီလ(၃)၊ ၂၀၁၈ ခုနှစ်တွင် ဖားအောက်တောရ(ဟဲဟိုး)ရိပ်သာခွဲသို့ ပြန်လည်ကြွရောက်ကာ သီတင်းသုံးခဲ့သည်။ ဆရာတော်အား ထိုင်းနိုင်ငံမှ ဒကာဒကာမများက website တစ်ခု ဖန်တီး၍ လှူဒါန်းခဲ့ကြသော်လည်း ဆရာတော် ပြန်ကြွသွားပြီးနောက် ထို website ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိသဖြင့် ပျက်ပြယ်သွားခဲ့သည်။

Australia နိုင်ငံ Perth မြို့တွင်နေထိုင်ကြသော ကိုဖြိုးဝေကျော် + မခင်မေငြိမ်း မိသားစုမှ ကျောင်းတိုက်အတွက် website တစ်ခုကို လှူဒါန်းခဲ့ကြရာ ရေရည်တွင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သောကြောင့် ဦးမဏိဇောတမှ ၂၄.၉.၂၀၂၁ တွင် ကျောင်း၏ website ဖြစ်သော http://www.hehopaauktawya.org ကို စတင်တည်ဆောက်၍ တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။